ယေရှု/နှင့် ဇက္ခဲ
19
ထို့နောက် ယေရှု/သည် ဂျေရိခေါမြို့/သို့ ဝင်/၍ ဖြတ်ကြွတော်မူ၏။ 2 ထို/အရပ်/တွင် ဇက္ခဲ/ဟု ခေါ်သော လူ/တစ်ဦး/ရှိ၏။ သူ/သည် အကောက်ခွန်/အရာရှိ/တစ်ဦး/ဖြစ်ပြီး ချမ်းသာသော/သူ ဖြစ်၏။ 3 သူ/သည် ယေရှု/မည်သို့သော/သူ/ဖြစ်သည်/ကို မြင်/နိုင်ရန် ကြိုးပမ်း/သော်လည်း အရပ်နိမ့်/သောကြောင့် လူအုပ်ကြီး/အား ကျော်/၍ ယေရှု/ကို မမြင်နိုင်ပေ။ 4 ထို့ကြောင့် သူ/သည် ယေရှု/ကို မြင်/နိုင်ရန် ယေရှု/ကြွတော်မူမည့်လမ်း/အတိုင်း ရှေ့/သို့/ကြို/ပြေးသွား/၍ သဖန်းပင်/ပေါ်သို့ တက်လေ၏။5 ထို/နေရာ/သို့ ယေရှု/ရောက်တော်မူ/သောအခါ အပေါ်/သို့ မော့ကြည့်ပြီး/လျှင် “ဇက္ခဲ… အမြန်/ဆင်းခဲ့လော့။ ယနေ့ သင့်/အိမ်/တွင် ငါ/တည်းခိုမည်” ဟု မိန့်တော်မူ၏။
6 ဇက္ခဲ/သည်လည်း အလျင်အမြန်/ဆင်း/၍ ကိုယ်တော်/ကို ဝမ်းသာ/စွာ/ကြိုဆိုလေ၏။ 7 ထို/အဖြစ်အပျက်/ကို မြင်သော/သူများ/က “ယေရှု/သည် အပြစ်ရှိသူ/တစ်ဦး/၏/အိမ်/တွင် တည်းခို/ရန် လိုက်ပါသွားလေပြီ” ဟု ဝေဖန်/ပြောဆိုကြ၏။
8 ထို့နောက် ဇက္ခဲ/သည် ရပ်/၍ သခင်ဘုရား/အား “သခင်… အကျွန်ုပ်/၏/စည်းစိမ်ဥစ္စာ/တစ်ဝက်/ကို ဆင်းရဲသားများ/အား ပေးပါမည်။ အကယ်၍ တစ်စုံတစ်ဦး/ထံမှ မတရား/ကောက်ခံထားသော/ငွေ/ရှိ/ပါက လေးဆ/ပြန်လျော်ပါမည်” ဟု လျှောက်လေ၏။
9 ယေရှု/က “ဤ/သူ/သည် အာဗြဟံ/၏/မျိုးဆက်/ဖြစ်/သောကြောင့် ယနေ့/ပင် ကယ်တင်ခြင်း/သည် ဤ/အိမ်/ပေါ်/တွင် သက်ရောက်လေပြီ။ 10 အဘယ်ကြောင့်ဆိုသော် လူသားa/သည် ပျောက်ဆုံးနေသော/သူများ/ကို ရှာဖွေ/၍ ကယ်တင်/ရန် ကြွလာ/သောကြောင့်/ဖြစ်သည်” ဟု မိန့်တော်မူ၏။
အစေခံ/ဆယ်ဦး ပုံဥပမာ
11 လူထုပရိသတ်/သည် ယေရှု/မိန့်တော်မူ/သမျှ/ကို နားထောင်နေကြ၏။ ထိုစဉ် ဂျေရုဆလင်မြို့/အနီးသို့ ရောက်တော်မူ/သဖြင့် ကိုယ်တော်/သည် ပုံဥပမာ/တစ်ခု/ကို မိန့်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် လူတို့/သည် ဘုရားသခင်/၏/နိုင်ငံတော်/ချက်ချင်း/ပေါ်ထွန်းလာတော့မည်/ဟု ထင်မှတ်/သောကြောင့်/ဖြစ်၏။ 12 ယေရှု/က “မင်းသား/တစ်ပါး/သည် ရှင်ဘုရင်/အရာ/ကို ခံယူပြီး/ပြန်လာ/ရန် ဝေးသော/တိုင်းပြည်/သို့ သွားလေ၏။ 13 ခရီး/မသွားမီ မိမိ/၏/အစေခံ/ဆယ်ဦး/ကို ခေါ်/၍ ငွေ/တစ်/ပိဿာb/စီ ပေး/ပြီးလျှင် ‘ငါ/ပြန်လာသည်/အထိ စီးပွားရှာ/လျက် နေကြလော့’ ဟု မှာထားလေ၏။ 14 သို့သော် သူ/၏/ပြည်သားတို့/သည် သူ့/ကို/မုန်းတီးကြ/သောကြောင့် သူ/၏/နောက်/တွင် ကိုယ်စားလှယ်/အဖွဲ့/တစ်ဖွဲ့/ကို လွှတ်လိုက်/၍ ‘ငါတို့/သည် ဤ/သူ/၏/အုပ်ချုပ်မှု/ကို မခံလိုပါ’ ဟု ဧကရာဇ်/ထံ လျှောက်စေကြ၏။
15 ထို့နောက် ထို/မင်းသား/သည် မိမိ/တိုင်းပြည်/အုပ်ချုပ်ခွင့်/ကို ရယူပြီး ပြန်လာ/သောအခါ ငွေ/လက်ခံရရှိထားသော/အစေခံများ/သည် စီးပွားပြုခြင်း/မှ အမြတ်အစွန်း/မည်မျှ/ရသည်/ကို သိ/လို/သဖြင့် သူတို့/အား ဆင့်ခေါ်/ရန် မိန့်လေ၏။ 16 ပထမ/အစေခံ/သည်/လာ/၍ ‘သခင်… သခင်/၏/ငွေ/တစ်/ပိဿာ/အားဖြင့် အမြတ်ငွေ/ဆယ်/ပိဿာ/ရပါ၏’ ဟု လျှောက်လေ၏။
17 သူ/က ‘ကောင်းပေ၏။ သင်/သည်/အစေခံကောင်း/ဖြစ်၏။ အမှုကိစ္စ/ငယ်လေး/တွင်ပင် သင်/သည် သစ္စာရှိ/သောကြောင့် မြို့ကြီး/ဆယ်မြို့/ကို အုပ်ချုပ်လော့’ ဟု ဆို၏။
18 ဒုတိယ/အစေခံ/သည် ရောက်လာ/၍ ‘သခင်… သခင့်/ငွေ/တစ်/ပိဿာ/အားဖြင့် အမြတ်ငွေ/ငါး/ပိဿာ/ရပါ၏’ ဟု လျှောက်လေ၏။
19 ထို/သူ/ကိုလည်း သခင်/က ‘သင်/သည် မြို့/ငါး/မြို့/ကို အုပ်ချုပ်လော့’ ဟု ဆို၏။
20-21 အခြားသော/အစေခံ/သည်/လာ/၍ ‘သခင်… သခင်/၏/ငွေ/တစ်/ပိဿာ/ကို ကြည့်တော်မူပါ။ သခင်/သည် ခက်ထန်သော/သူ/ဖြစ်/၍ ကိုယ်/ရင်းနှီးမြုပ်နှံ/မထားသော/အရာ/ကို သိမ်းယူတတ်ပြီး ကိုယ်/မစိုက်သော/အရာ/ကိုလည်း ရိတ်သိမ်းတတ်/သောကြောင့် သခင့်/ကို အကျွန်ုပ်/ကြောက်ရွံ့/၍ ဤ/ပဝါ/ထဲ၌ သိမ်းထားပါ၏’ ဟု လျှောက်လေ၏။
22 သခင်/က ‘မိုက်မဲသော/အစေခံ ငါ/သည် ခက်ထန်သော/သူ/ဖြစ်/၍ ကိုယ်/ရင်းနှီးမြုပ်နှံမထားသော/အရာ/ကို သိမ်းယူတတ်ပြီး ကိုယ်/မစိုက်သော/အရာ/ကို ရိတ်သိမ်းတတ်သူ/ဖြစ်ကြောင်း သင်/သိသည်/မှန်/လျှင် 23 ငါ/ပြန်လာ/သောအခါ ငါ/၏/ငွေ/ကို အတိုး/နှင့်တကွ ပြန်/အပ်/နိုင်ရန် အဘယ်ကြောင့် ဘဏ်/ထဲသို့/မထည့်ဘဲ နေသနည်း’ ဟု ထို/သူ/အား/ဆို၏။
24 ထို့နောက် သူ/က အခြွေအရံတို့/အား ‘သူ့/ထံမှ ငွေ/ကို/ယူ/၍ ငွေ/ဆယ်/ပိဿာ/ရသော/သူ/အား ပေးကြလော့’ ဟု ဆိုလေ၏။
25 ထို/လူတို့/က ‘သခင်… ထို/သူ့/ထံတွင် ငွေ/ဆယ်/ပိဿာ ရှိပြီး/ဖြစ်ပါသည်’ ဟု လျှောက်ကြ၏။
26 ထို/သခင်/က ‘ရှိသော/သူတို့/အား များစွာ/ထပ်/၍ ပေး/သဖြင့် သူတို့/သည် ကြွယ်ဝကြ/လိမ့်မည်။ မရှိသော/သူတို့/ထံမှ/မူ သူတို့/၌/ရှိသော/အရာ/ကိုပင် သိမ်းယူ/လိမ့်မည်။ 27 ထို့ပြင် ငါ/၏/အုပ်ချုပ်မှု/ကို မလိုလားသော/ရန်သူများ/ကို ဤ/နေရာ/သို့ ခေါ်လာ/၍ ငါ့/ရှေ့/တွင် သတ်ကြလော့’ ဟု ဆိုလေ၏” ဟူ၍ မိန့်တော်မူ၏။
ဂျေရုဆလင်မြို့/သို့ အောင်ပွဲခံ/၍ ဝင်ရောက်တော်မူခြင်း
28 ထိုသို့ မိန့်တော်မူ/ပြီးနောက် ကိုယ်တော်/သည် ဂျေရုဆလင်မြို့/သို့ တပည့်တော်တို့ ရှေ့/မှ/ကြွနှင့်တော်မူ၏။ 29 သံလွင်/ဟု အမည်တွင်သော တောင်/အနီး/ရှိ ဗက်ဖာဂေရွာ/နှင့် ဗေသနိရွာ/သို့ ရောက်/သောအခါ တပည့်တော်/နှစ်ပါး/အား သွားနှင့်/စေ/၍ 30 “သင်တို့/ရှေ့/တွင် ရှိသော/ရွာ/သို့ သွားကြလော့။ မည်သူ/မျှ မစီးဖူးသော/မြည်းကလေး/တစ်ကောင်/အား ကြိုးချည်ထားသည်/ကို တွေ့မြင်/လိမ့်မည်။ ထို/မြည်း/ကို ကြိုးဖြေ/၍ ခေါ်ဆောင်လာကြလော့။ 31 တစ်စုံတစ်ဦး/က ‘အဘယ်ကြောင့် မြည်းကလေး/ကို ကြိုးဖြေကြသနည်း’ ဟု မေး/လျှင် ‘သခင်/အသုံးပြုလို/သောကြောင့်/ဖြစ်သည်’ ဟု ဖြေကြလော့” ဟု မိန့်မှာတော်မူ၏။
32 ထို/စေလွှတ်ခံရသော/သူတို့/သည် သွားကြ/သောအခါ ယေရှု/မိန့်တော်မူသည့်/အတိုင်း မြည်းကလေး/ကို တွေ့ကြ၏။ 33 ထို/သူတို့/သည် မြည်းကလေး/ကို/ကြိုးဖြေနေကြ/စဉ် မြည်းပိုင်ရှင်တို့/က “အဘယ်ကြောင့်/မြည်းကလေး/ကို ကြိုးဖြေကြသနည်း” ဟု မေးကြ၏။
34 တပည့်တော်တို့/က/လည်း “သခင်/အသုံးပြုလိုတော်မူ/သောကြောင့်/ဖြစ်သည်” ဟု ပြန်ဖြေကြ၏။ 35 ထို့နောက် မြည်းကလေး/ကို ယေရှု/ထံတော်သို့ ခေါ်ဆောင်လာကြ၏။ သူတို့/၏/အဝတ်များ/ကိုလည်း မြည်းကလေး/ပေါ်/၌ ခင်းပေး/၍ ယေရှု/အား မြည်းကလေး/ပေါ်တွင် စီးစေကြ၏။
36 ယေရှု/ကြွတော်မူ/စဉ် လူတို့/သည် မိမိတို့/၏/အဝတ်များ/ကို လမ်း/ပေါ်တွင် ဖြန့်ခင်းကြ၏။ 37 သံလွင်တောင်/အဆင်း/နေရာ/သို့ ရောက်တော်မူ/သောအခါ နောက်လိုက်/လူထုကြီး/တစ်ရပ်လုံး/က မိမိတို့/မြင်တွေ့ခဲ့ရသည့် အံ့ဖွယ်တန်ခိုးတော်များ/ကို/ထောက်ရှု/၍ ကျယ်လောင်သော/အသံ/ဖြင့် ဝမ်းသာရွှင်လန်း/စွာ ဘုရားသခင်/ကို ချီးမွမ်းကြ၏။ ထို/သူတို့/က
38 “ထာဝရဘုရား/၏/အမည်/နာမ/နှင့် ကြွလာသော/ရှင်ဘုရင်/သည် မင်္ဂလာ/ရှိပါစေသော။”c
“ကောင်းကင်ဘုံ/တွင် ငြိမ်းချမ်းခြင်း/ရှိ/၍ အမြင့်ဆုံးသော/အရပ်/တွင် ဘုန်းကြီးတော်မူပါစေသော”d
ဟု ကြွေးကြော်ကြ၏။
39 လူအုပ်/ထဲတွင်/ပါသော ဖာရိရှဲe/တချို့/က “ဆရာတော်… ဆရာတော်/၏/တပည့်တော်များ/အား ဆုံးမပေးပါ” ဟု လျှောက်ကြ၏။
40 သို့သော်လည်း ယေရှု/က “ဤ/သူတို့/သည် တိတ်ဆိတ်/စွာ/နေ/လျှင် ကျောက်ခဲများ/သည် ကြွေးကြော်ကြပါ/လိမ့်မည်” ဟု ပြန်/၍ မိန့်တော်မူ၏။
ဂျေရုဆလင်မြို့/အတွက် ငိုကြွေးတော်မူခြင်း
41 ဂျေရုဆလင်မြို့/နှင့် နီးလာ/သောအခါ ယေရှု/သည် မြို့တော်/ကို/မြင်/၍ ငိုကြွေးတော်မူ/လျက် 42 “အသင်/မြို့တော်… သင်/၏/ငြိမ်းချမ်းသာယာမှု/ကို ဖြစ်စေသည့်/အရာများ/ကို ယနေ့/ပင် သင်/သည် သိမြင်ခဲ့/ပါက မင်္ဂလာရှိ၏။ သို့သော် ယခု/မှာမူ ထို/အရာများ/ကို သင်/၏/မျက်စိ/ရှေ့မှ ဝှက်ထား/လျက်/ရှိ၏။ 43 သင်/၏/ရန်သူများ/သည် သင့်/ပတ်လည်/တွင် တပ်ချ/၍ သင့်/ကို/ဝန်းရံ/လျက် အဘက်ဘက်/မှ တိုက်ခိုက်သော/အချိန် ရောက်လာ/လိမ့်မည်။ 44 သင်/နှင့် သင်/၏/သားသမီးများ/ကို မြေ/ပေါ်တွင် ဖိကြိတ်ကြ/လိမ့်မည်။ ကျောက်/တစ်ချပ်/အပေါ်တွင် တစ်ချပ်/မျှ တင်ကျန်/လိမ့်မည်/မဟုတ်။ အဘယ်ကြောင့်ဆိုသော် သင်/သည် ဘုရားသခင် ကြည့်ရှု/စီရင်တော်မူသော/နေ့/ကို မသိမမှတ်/သောကြောင့်/ဖြစ်သည်” ဟု မိန့်တော်မူ၏။
ဗိမာန်တော်/အား ရှင်းလင်းတော်မူခြင်း
45 ထို့နောက် ယေရှု/သည် ဗိမာန်တော်/သို့ ဝင်/၍ ဗိမာန်တော်/၌ ရောင်းဝယ်ဖောက်ကား/နေကြသောသူ/အားလုံး/ကို နှင်ထုတ်တော်မူ/ကာ 46 “ကျမ်းစာ/တွင် ‘ငါ/၏/အိမ်တော်/သည် ဆုတောင်းရာ/အိမ်တော်/ဖြစ်/ရမည်’ ဟု ရေးသားထား/သော်လည်း သင်တို့/သည် အိမ်တော်/ကို ဓားပြစခန်း/ဖြစ်စေကြပြီ”f ဟု မိန့်တော်မူ၏။
47 ထို့နောက် ယေရှု/သည် ဗိမာန်တော်/၌ နေ့စဉ်/ဟောပြော/သွန်သင်တော်မူ၏။ သို့သော် ယဇ်ပုရောဟိတ်/ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများg/နှင့် လူထု/ခေါင်းဆောင်များ/က ယေရှု/ကို သတ်/ရန် ကြံစည်/လျက် နေကြ၏။ 48 သို့ရာတွင် လူထု/တစ်ရပ်လုံး/က ယေရှု/မိန့်တော်မူသည့် စကားတော်/တိုင်း/ကို တစိုက်မတ်မတ်/နားထောင်/လျက်/ရှိ/သောကြောင့် လုပ်ဆောင်ခွင့်/ကို မတွေ့နိုင်ကြပေ။